E Guard ပညာသင်ဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒုတိယပညာသင်နှစ်ဝက်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမပညာသင်နှစ်ဝက်တို့အတွက် E Guard ပညာသင်ဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာခင်မောင်ဆင့်မှ အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး ပညာသင်ဆုထောက်ပံ့သည့် E Guard Environmental Services မှ Managing Director ဦးအေးသီဟ မှ ပညာသင်ဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ချီးမြှင့်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာသင်ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ “E Guard … Read more