၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒုတိယပညာသင်နှစ်ဝက်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမပညာသင်နှစ်ဝက်တို့အတွက် E Guard ပညာသင်ဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာခင်မောင်ဆင့်မှ အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး ပညာသင်ဆုထောက်ပံ့သည့် E Guard Environmental Services မှ Managing Director ဦးအေးသီဟ မှ ပညာသင်ဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ချီးမြှင့်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ ပညာသင်ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ “E Guard ပညာသင်ဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့်ခြင်း အခမ်းအနား”တွင် ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် ပညာသင်ဆု ထောက်ပံ့ရန် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား နှစ်စဉ်ရွေးချယ်၍ ပညာသင်ဆု ထောက်ပံ့သည့် အဖွဲ့အစည်း (၄) ခုမှ ဆုများ ချီးမြှင့်လျက်ရှိပါသည်။